လာမည့် ဂျူလိုင်လ (၇) ရက်နေ့မှာ
လမ်းပြကြယ်စာကြည့်တိုက်မှ "လမ်းပြကြယ်စာကြည့်တိုက် တည်ထောင်ခြင်း ၆
နှစ်ပြည့်အထိမ်းအမှတ်စာပေဟောပြောပွဲ" ကျင်းပမည် ဖြစ်ပါသည်။ ဟောပြောမည့်
ဆရာများမှာ -
(၁) ဆရာနေ၀င်းမြင့်
(၂) ဆရာမ မသီတာ (စမ်းချောင်း) ဖြစ်ကြပါသည်။
နေရာ ။ ။Kreta Ayer People's Theatre, 30A Kreta Ayer Rd, Singapore 088997
နေ့ရက်။ ။7 July 2013
အချိန် ။ ။14:30 to 18:30
လက်မှတ်များကို (13.06.2013) မှ စတင်၍ ရနံ့သစ် စားသောက်ဆိုင်နှင့် မြနန်းနွယ်စတိုးဆိုင် တို့တွင် စုံစမ်း ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။
လက်မှတ် ဈေးနှုန်ုးမှာ - 15 S$ ဖြစ်ပါသည်။
လမ်းပြကြယ် အသင်းဝင်များကို 10 S$ ဖြင့်ရောင်းချပေးပါမည်။ (Valid Member Card ရှိရန်လိုအပ်ပါသည်)
ကျေးဇူးတင်စွာဖြင့်
လမ်းပြကြယ်စာကြည့်တိုက် (စင်ကာပူ)
စာအုပ်အညွှန်း
ဂျူး - အစိမ်းရောင်အမွေအနှစ်
ဘက်ဆဲလားစာရေးဆရာမ ဂျူးရဲ့ အစိမ်းရောင်ကမ္ဘာ စီးရီးအနေနဲ့ ထွက်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ 'အစိမ်းရောင် အမွေအနှစ်'တဲ့။ လူတွေရဲ့ န့စဉ်ဘဝ၊ လှုပ်ရှားမှုမှန်သမျှ သစ်ပင်၊ သစ်တောနဲ့ ကင်းတာမရှိပါဘူး။ လူ့အသုံးအဆောင်၊ နေအိမ်၊ အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်၊ အလှအပ၊ အမွှေးအကြိုင်၊ ယမကာ စတဲ့ လူ့အဖွဲ့အစည်းနဲ့ မကင်းနိုင်တဲ့ အရာဝတ္တုတွေအားလုံးဟာ သစ်ရွက်၊ အသီး၊ အမြစ် စတဲ့ သစ်ပင်တွက် အရင်းအမြစ်တေကို တစ်နည်းမဟုတ်၊ တစ်နည်း အသုံးပြုထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် သစ်ပင်တွေဟာ လူသားတွေရဲ့ နေ့စဉ်ဘဝကို ထောက်ပံ့နေတဲ့ သဘာဝတရားကြီးရဲ့ အရင်းအမြစ်တစ်ခုဖြစ်လို့ သစ်ပင်၊ သစ်တောများကို အဆင်ခြင်မဲ့ခုတ်ပစ်၊ ရှင်းလင်းတာမျိုးမလုပ်ဘဲ ကာကွယ်ထိန်းသိမ်းကြဖို့ တိုက်တွန်းထားတဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။
လင်းဝေမြိုင် - ဂန္ထဝင်ဝတ္ထု၊ ဂန္ထဝင်ရုပ်ရှင်
ကမ္ဘာ့ ဂန္ထဝင်ဝတ္ထုကြီးများ နဲ့ အဲဒီဝတ္ထုများကို ရုပ်ရှင်ရိုက်ကူးပြီး အောင်မြင်တဲ့ ဂန္ထဝင်ရုပ်ရှင်တွေဖြစ်လာတဲ့အကြောင်း ဆောင်းပါးတွေဖြစ်ပါတယ်။ ဂန္ထဝင်ဝတ္ထုကြီးတွေ လေးလေးလံလံကြီးမို့ အချိန်မပေးနိုင်လို့ မဖတ်ဖြစ်ကြတဲ့သူတွေအတွက်လည်း ဇာတ်လမ်းအကျဉ်းကို ဖော်ပြပေးထားတာမို့ အနှစ်ချုပ်ဂန္ထဝင်ဝတ္ထုကြီးတွေကို လွယ်လွယ်ကူကူဖတ်နိုင်တဲ့စာအုပ်ငယ်လေးပါ။ မူရင်းဝတ္ထုရှည်ကြီးတွေက ပေးတဲ့ ရသတော့ မရနိုင်ပေမယ့် ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီးတွေအကြောင်းတော့ သိသွားနိုင်ပါတယ်။ ကလီယိုပါထရာ၊ စစ်နှင့် ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ဒေါက်တာ ဇီးဗားဂိုး၊ ကရာမာဇော့(ဗ)ညီနောင်များ၊ သုခမြို့တော်၊ဇစ်မြစ် အပါအဝင် နာမည်ကြီး ဂန္ထဝင်ဝတ္ထု၊ ရုပ်ရှင်များအကြောင်း ၁၉ ပုဒ် (ရုပ်ရှင် ၁၉ ကား) ပါဝင်ပါတယ်။ နိုင်ငံတကာမှာ ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လုပ်ပုံနဲ့ ဇာတ်ညွှန်းရေးဆရာ နဲ့ ဒါရိုက်တာတို့ အလုပ်လုပ်ကြပုံများကိုလည်း ရှင်းပြထားပါတယ်။
ကောင်းထက် - အောင်ဆန်း၏ မဟေသီလွတ်လပ်ရေးကြိုးပမ်းမှုတလျှောက် ဗိုလ်ချုပ်အနားတွင် ပါရမီဖြည့်ဘက်ပီသစွာ ရှိခဲ့သော ဗိုလ်ချုပ်၏ဇနီး မဟာသီရိသုဓမ္မဒေါ်ခင်ကြည်၏ အကြောင်း၊ ဗိုလ်ချုပ်နှင့် စတွေ့ခဲ့သည့်အချိန် သူနာပြုဆရာမလေး မခင်ကြည်ဘဝမှ စ၍ ကွယ်လွန်ချိန်အထိ ဒေါ်ခင်ကြည်၏ ဘဝဇာတ်ကြောင်းကို အပိုင်း ၄ ပိုင်းခွဲ၍ သုတေသနပြုထားသော စာအုပ်ဖြစ်ပါသည်။ သတင်းစာများကဖော်ပြသော လုပ်ကြံမှုသတင်းများဖြင့် အစပြုထားပြီး အချို့နေရာများတွင် ဒေါ်ခင်ကြည်နေရာမှ ဝင်ခံစား၍ ရေးသားထားသည်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ ပြည့်စုံသော ဘဝကောက်ကြောင်းမဟုတ်သော်လည်း ဗိုလ်ချုပ်၏ ဇနီးပီပီ သူ၏ပြည့်ဝသော စိတ်ထားကို သိသာစေသော ဆောင်းပါးများဖြစ်ပါသည်။
မောင်မောင် (ရွှေကရဝိတ်) - ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်းပုံပြင်
၁၉၉၂ ခုနှစ်က ABSDF ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သည့် ထိတ်လန့်စရာ၊ ကြေကွဲစရာ၊ ရင်သိမ့်တုန်စရာ၊ကောင်းလှသော အစုံအပြုံလိုက်လူသတ်ပွဲများတွင် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံခဲ့သူတစ်ဦး၏ ကိုယ်တိုင်ရေးမှတ်တမ်းတစ်ခုဖြစ်
ပါသည်။ တကယ်တော့ စာအုပ်မှာ လူမဆန်စွာ
သတ်ဖြတ်ခဲ့သည့် လူသတ်ပွဲများ၏ အစိတ်အပိုင်းတစ်ပိုင်းမျှသာ။ ရေးသားသူ မာင်မောင်
(ရွှေကရဝိတ်)မှ မြောက်ပိုင်းကျောင်းသားတပ်မတော် စခန်းသို့ နှစ်ကြိမ်
တိုင်တိုင်သွားရောက်ပြီး ထောက်လှမ်းရေးဟု စွပ်စွဲ၍ အဖမ်းခံထားရသော
ကျောင်းသားများလွတ်မြောက်ရေးအတွ က် ထိုစဉ်က ကျောင်းသားတပ်မတော်
တာဝန်ခံများဖြင့် ညှိုနှိုင်းခဲ့သော မြေအောက်စွန်းစားခန်းခရီးအပြင် မြို့ပေါ်တွင်
ထောက်လှန်းရေးများ၊ ရဲများနှင့်ပါပတ်သက်ရသော မြေပေါ်စွန့်စားခန်းတစ်ခုအဖြစ် လည်း
ဖတ်ရှုရပါမည်။
ဘက်ဆဲလားစာရေးဆရာမ ဂျူးရဲ့ အစိမ်းရောင်ကမ္ဘာ စီးရီးအနေနဲ့ ထွက်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ 'အစိမ်းရောင် အမွေအနှစ်'တဲ့။ လူတွေရဲ့ န့စဉ်ဘဝ၊ လှုပ်ရှားမှုမှန်သမျှ သစ်ပင်၊ သစ်တောနဲ့ ကင်းတာမရှိပါဘူး။ လူ့အသုံးအဆောင်၊ နေအိမ်၊ အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်၊ အလှအပ၊ အမွှေးအကြိုင်၊ ယမကာ စတဲ့ လူ့အဖွဲ့အစည်းနဲ့ မကင်းနိုင်တဲ့ အရာဝတ္တုတွေအားလုံးဟာ သစ်ရွက်၊ အသီး၊ အမြစ် စတဲ့ သစ်ပင်တွက် အရင်းအမြစ်တေကို တစ်နည်းမဟုတ်၊ တစ်နည်း အသုံးပြုထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် သစ်ပင်တွေဟာ လူသားတွေရဲ့ နေ့စဉ်ဘဝကို ထောက်ပံ့နေတဲ့ သဘာဝတရားကြီးရဲ့ အရင်းအမြစ်တစ်ခုဖြစ်လို့ သစ်ပင်၊ သစ်တောများကို အဆင်ခြင်မဲ့ခုတ်ပစ်၊ ရှင်းလင်းတာမျိုးမလုပ်ဘဲ ကာကွယ်ထိန်းသိမ်းကြဖို့ တိုက်တွန်းထားတဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။
လင်းဝေမြိုင် - ဂန္ထဝင်ဝတ္ထု၊ ဂန္ထဝင်ရုပ်ရှင်
ကမ္ဘာ့ ဂန္ထဝင်ဝတ္ထုကြီးများ နဲ့ အဲဒီဝတ္ထုများကို ရုပ်ရှင်ရိုက်ကူးပြီး အောင်မြင်တဲ့ ဂန္ထဝင်ရုပ်ရှင်တွေဖြစ်လာတဲ့အကြောင်း ဆောင်းပါးတွေဖြစ်ပါတယ်။ ဂန္ထဝင်ဝတ္ထုကြီးတွေ လေးလေးလံလံကြီးမို့ အချိန်မပေးနိုင်လို့ မဖတ်ဖြစ်ကြတဲ့သူတွေအတွက်လည်း ဇာတ်လမ်းအကျဉ်းကို ဖော်ပြပေးထားတာမို့ အနှစ်ချုပ်ဂန္ထဝင်ဝတ္ထုကြီးတွေကို လွယ်လွယ်ကူကူဖတ်နိုင်တဲ့စာအုပ်ငယ်လေးပါ။ မူရင်းဝတ္ထုရှည်ကြီးတွေက ပေးတဲ့ ရသတော့ မရနိုင်ပေမယ့် ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီးတွေအကြောင်းတော့ သိသွားနိုင်ပါတယ်။ ကလီယိုပါထရာ၊ စစ်နှင့် ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ဒေါက်တာ ဇီးဗားဂိုး၊ ကရာမာဇော့(ဗ)ညီနောင်များ၊ သုခမြို့တော်၊ဇစ်မြစ် အပါအဝင် နာမည်ကြီး ဂန္ထဝင်ဝတ္ထု၊ ရုပ်ရှင်များအကြောင်း ၁၉ ပုဒ် (ရုပ်ရှင် ၁၉ ကား) ပါဝင်ပါတယ်။ နိုင်ငံတကာမှာ ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လုပ်ပုံနဲ့ ဇာတ်ညွှန်းရေးဆရာ နဲ့ ဒါရိုက်တာတို့ အလုပ်လုပ်ကြပုံများကိုလည်း ရှင်းပြထားပါတယ်။
ကောင်းထက် - အောင်ဆန်း၏ မဟေသီလွတ်လပ်ရေးကြိုးပမ်းမှုတလျှောက် ဗိုလ်ချုပ်အနားတွင် ပါရမီဖြည့်ဘက်ပီသစွာ ရှိခဲ့သော ဗိုလ်ချုပ်၏ဇနီး မဟာသီရိသုဓမ္မဒေါ်ခင်ကြည်၏ အကြောင်း၊ ဗိုလ်ချုပ်နှင့် စတွေ့ခဲ့သည့်အချိန် သူနာပြုဆရာမလေး မခင်ကြည်ဘဝမှ စ၍ ကွယ်လွန်ချိန်အထိ ဒေါ်ခင်ကြည်၏ ဘဝဇာတ်ကြောင်းကို အပိုင်း ၄ ပိုင်းခွဲ၍ သုတေသနပြုထားသော စာအုပ်ဖြစ်ပါသည်။ သတင်းစာများကဖော်ပြသော လုပ်ကြံမှုသတင်းများဖြင့် အစပြုထားပြီး အချို့နေရာများတွင် ဒေါ်ခင်ကြည်နေရာမှ ဝင်ခံစား၍ ရေးသားထားသည်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ ပြည့်စုံသော ဘဝကောက်ကြောင်းမဟုတ်သော်လည်း ဗိုလ်ချုပ်၏ ဇနီးပီပီ သူ၏ပြည့်ဝသော စိတ်ထားကို သိသာစေသော ဆောင်းပါးများဖြစ်ပါသည်။
မောင်မောင် (ရွှေကရဝိတ်) - ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်းပုံပြင်
၁၉၉၂ ခုနှစ်က ABSDF ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သည့် ထိတ်လန့်စရာ၊ ကြေကွဲစရာ၊ ရင်သိမ့်တုန်စရာ၊ကောင်းလှသော အစုံအပြုံလိုက်လူသတ်ပွဲများတွင် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံခဲ့သူတစ်ဦး၏ ကိုယ်တိုင်ရေးမှတ်တမ်းတစ်ခုဖြစ်
Labels:
books
လမ်းပြကြယ် (၃) နှစ်ပြည့် အမှတ်တရ မဂ္ဂဇင်း
လမ်းပြကြယ် (၃) နှစ်မြောက် မဂ္ဂဇင်း အား မဖတ်ရသော သူများ အတွက် ပြန်တင်ပေးလိုက်ပါတယ်။
လမ်းပြကြယ် (၃) နှစ်ပြည့် အမှတ်တရ မဂ္ဂဇင်း
လမ်းပြကြယ် (၃) နှစ်ပြည့် အမှတ်တရ မဂ္ဂဇင်း
Labels:
books
လမ်းပြကြယ် (၅) နှစ်မြောက် မဂ္ဂဇင်း
လမ်းပြကြယ် (၅) နှစ်မြောက် မဂ္ဂဇင်း ထွက်ရှိပါပြီ။ ရယူလိုသူများ လမ်းပြကြယ် စာကြည့်တိုက်တွင် လာရောက် ယူနိုင်ပါပြီ။
Labels:
activities
လမ်းပြကြယ်ထူထောင်ခြင်း ၅ နှစ်ပြည့် စာအုပ်အတွက် စာမူခေါ်ခြင်း
ကျွန်တော်တို့ လမ်းပြကြယ် ထူထောင်ခဲ့တာဟာ လာမဲ့ မေလ (၁) ရက်နေ့မှာ ၅ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
လမ်းပြကြယ်ထူထောင်ခြင်း ၅ နှစ်ပြည့်အမှတ်တရနှင့် ရပ်တည်မှု ပိုမိုခိုင်မာစေခြင်းငှာ လာမဲ့ မေလ (၁) ရက်
နေ့မှာ လမ်းပြကြယ်နှစ်ပတ်လည်မဂ္ဂဇင်းတစ်စောင် ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။
သို့ ထုတ်ဝေမည်ဖြစ်ပါ၍ ပါဝင်ရေးသားရန် စိတ်ပါဝင်စားသူများသည် လမ်းပြကြယ်စာကြည့်တိုက်တွင်
စာမူများပေးပို့နိုင်ပြီဖြစ်ပါတယ်။ မဂ္ဂဇင်းတွင် ပါဝင်မည့်စာပေအမျိုးအစားများမှာ -
(၁) ကဗျာ
(၂) ကာတွန်း
(၃) ၀တ္ထုတို
(၄) ဆောင်းပါး
(၅) အက်ဆေး
(၆) စာအုပ်အညွှန်း
(၇) ဟာသ၀တ္ထုတို
(၈) ဘာသာပြန်စာပေ တို့ဖြစ်ပါတယ်။
စာမူများကို လာမည့် မတ်လ (၁၅) ရက် နောက်ဆုံးထားပြီး လက်ခံသွားမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ပါဝင်
ရေးသားရန် စိတ်ပါဝင်စားသူများသည် စာမူပိတ်ရက် မတိုင်မီပေးပို့နိုင်ကြဖို့ ဖိတ်ကြားအပ်ပါတယ်။
လေးစားစွာဖြင့်
လမ်းပြကြယ်

ဧရာဝတီ စာပေဟောပြောပွဲ (စင်္ကာပူ)
ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ(စင်္ကာပူ) စီစဉ်သော ၂၆/၁၀/၂၀၁၁ တွင်ကျင်းပခဲ့သော စာပေဟောပြောပွဲ (စင်္ကာပူ) DVD အခွေကို ယခု လမ်းပြကြယ်စာကြည့်တိုက် (၄လွှာ၊ ပင်နီဆူလာပလာဇာ)တွင် ရောင်းချပေးနေပါပြီ။ အခြားနိုင်ငံမှ သူငယ်ချင်း မိတ်ဆွေ မြန်မာများ ကြည့်ရှိနားထောင် နိုင်ရန် youtube တွင် ပထမပိုင်းအား တင်ပေးလိုက်ပါသည်။ ဟောပြောကြသော ဆရာများမှာ ဆရာအော်ပီကျယ်၊ ဆရာမြင့်မောင်ကျော်(ဒီဇိုင်း)၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ဆရာဒေါက်တာဦးထွန်းလွှင်(မိုးဇလ) တိုဖြစ်ပါသည်။ စာပေဟောပြောပွဲ ဖြစ်မြောက်ရေး နှင့် DVD အခွေ ဖြစ်မြောက်ရေး ကို အားတက်သရော ကူညီပေးခဲ့ကြသော သူ အားလုံးကို ကျေးဇူးတင်ပါသည်။
ဧရာဝတီစာပေဟောပြောပွဲ(အပိုင်း-၁)
ဧရာဝတီစာပေဟောပြောပွဲ(အပိုင်း-၂)
ဧရာဝတီစာပေဟောပြောပွဲ(အပိုင်း-၃)
ဧရာဝတီစာပေဟောပြောပွဲ(အပိုင်း-၄)
ဧရာဝတီစာပေဟောပြောပွဲ(အပိုင်း-၅)
ဧရာဝတီစာပေဟောပြောပွဲ(အပိုင်း-၆)
ဧရာဝတီစာပေဟောပြောပွဲ(အပိုင်း-၇)
ဧရာဝတီစာပေဟောပြောပွဲ(အပိုင်း-၈)
အားလုံးပေါင်း အပိုင်း ရှစ်ပိုင်း ရှိပါသည်။ အားလုံးတင်ပေးလိုက်ပါပြီ။

စာပေဟောပြောပွဲ
ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများ(စင်ကာပူ) စီစဉ်သည့် "စာပေဟောပြောပွဲ"
Time :Wednesday, October 26 · 2:00pm - 8:30pm
Location :Foochow Building,21 Tyrwhitt Road (S) 207530(LAVENDER MRT အနီး)
နေ့လည် ၂နာရီတိတိတွင် ကချင်ရိုးရာအကဖြင့် စတင်ဖွင့်လှစ်ပါမည်။ ဒံပေါက်ဖြင့်ဧည့်ခံကျွေးမွေးပါမည်။
-မောင်စိန်ဝင်း(ပုတီးကုံး) : ကျွန်တော်နှင့် ကျွန်တော်၏မြစ်
-ဦးထွန်လွင်(မိုးလေဝသ) : အိမ်နီးချင်းမှ မြစ်ကောများ
-အော်ပီကျယ် : ကူ၍တွန်းပေးကြပါ
-မြင့်မောင်ကျော် : ဧရာဝတီရဲ့ ဝိညာဉ်
မြန်မာပြည်မှ နာမည်ကျော်များ၏ ဧရာဝတီနှင့်ပတ်သတ်သော ခံစားချက်များကို၊ အမှာစကားများ ကိုရိုက်ကူးထားသော Video File များ၊ ဧရာဝတီနှင့် မြန်မာတောတောင်ရေမြေသဘာဝရှူခင်း ဓာတ်ပုံများ ဝေဝေဆာဆာဖြင့် တင်ဆက်မှာဖြစ်ပါတယ်...
လက်မှတ်များကို S$20/ S$15/ S$10 တို့ဖြင့်...
-ရနံ့သစ်(မြန်မာစားသောက်ဆိုင်)
-Leo-International (#03-60)
-လမ်းပြကြယ်စာကြည့်တိုက် (#04-09)
တို့တွင်ဝယ်ယူနိုင်ပါသည်။
(ရှေ့တန်းတ၀က်က S$20၊ နောက်တ၀က်က S$15၊ အပေါ်ထပ်က ဆရာတွေကိုအဝေးကပဲမြင်ရလို့ ပရိုဂျက်တာနဲ့ပြမှာမို့ S$10ပါ။)
ဤစာပေဟောပြောပွဲမှ ရရှိသော အမြတ်အစွန်းနှင့် အလှူငွေများကို ဧရာဝတီမြစ် ပြန်လည်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးကဏ္ဏများတွင် သုံးစွဲသွားမည်ဖြစ်ပါကြောင်း...
(စင်ကာပူမှ မိမိသူငယ်ချင်းများအား လက်လှမ်းမှီသလောက် Invite လုပ်ပေးကြပါအုံးခင်ဗျာ.... )

saveirrawaddy
ဧရာဝတီကို ချစ်သော ဘလော့ဂါများ
ဧရာဝတီကို မြန်မာလူမျိုးတိုင်းချစ်ကြပါသည်။ လူထု လူတန်းစားမရွှေး ချစ်ကြပါသည်။ ဘလော့ကာများ လည်းချစ်ကြပါသည်။ မီဒီယာသည် စတုတ္ထမဏ္ဍိုင် ဖြစ်သည်။ ခေတ်သစ် မီဒီယာ အင်တာနက်စာမျက်နှာ နှင့် ဘလော့ များသည် စတုတ္ထမဏ္ဍိုင် တွင် အကျုံးဝင်ပါသည်။ ဘလော့များကို ရေးသားနေကြသော ဘဘော့ကာများသည် ဒီ စတုတ္ထမဏ္ဍိုင်အား ထူမတ်ပေးမည့်သူများ ဖြစ်ပါပေသည်။ ကမ္ဘာ ခေတ်သစ် နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲ များတွင်လည်း ဘလော့ကာများ နှင့် သူတို့၏ ဘလော့စာမျက်နှာများ၊ ဝက်ဆိုက်ဒ်များ ၏ အကျိုးသက်ရောက်မှုများကို တွေ့နေရပေသည်။ အောက်ဖေါ်ပြပါ ဘလော့ကာများသည် လည်း မြန်မာ့ ခေတ်သစ်တစ်ခု ကို ထူထောင်ရန်အလို့ငှာ စွမ်းစွမ်းတမံ ကြိုးစားနေကြသော သူများ သာဖြစ်ပါသည်။ လက်ရှိ ဆွေးနွေးနေသော အကြောင်းရပ်ကတော့ မြန်မာ့နိုင်ငံရဲ့ အသက်သွေးကြော၊ ခေတ်အဆက်ဆက်ရဲ့ သက်သေ၊ ရာဇဝင်များရဲ့ သတို့သမီး ချစ်သော ဧရာဝတီ အကြောင်းဖြစ်ပါသည်။ ကိုအောင်(ပျူနိုင်ငံ) ဆိုက်မှ ကူးယူဖေါ်ပြထားသော ဘလော့များ ဖြစ်ပါသည်
မယ်ကိုး(ရေစီးဖြင့် ထုံးချည်ခြင်း)(ဇွန်လ ၂၀၁၁)
အိန္ဒြာ(ဧရာဝတီ၊ သူ စီးထွက်သွားခဲ့ပြီ ပင်လယ်ဆီ)(၀၁.၀၇.၂၀၁၁)
အောင်ဒင်(ဧရာဝတီကို ကာကွယ်ကြစို့)(၀၃.၀၈.၂၀၁၁)
အေးခိုင်(လေ၀ါရိုင်းသို့)(၀၆.၀၈.၂၀၁၁)
ဟယ်ရီလွင်(မဟာနဒီ၏ ဈာပနနိဒါန်း)(၁၂.၀၈.၂၀၁၁)
ငွေလမင်း(နူတ်ဆက်တော့မည် ဧရာဝတီ)(၁၃.၀၈.၂၀၁၁)
ကေ(အခမ်းနားဆုံးသော သက်ရှိကဗျာ)(၁၄.၀၈.၂၀၁၁)
အလင်းစက်(ဧရာဝတီအတွက် တုံပြန့်ချက်နဲ့ ...)(၁၅.၀၈.၂၀၁၁)
မိုးလှိုင်ည(ဧရာဝတီကို မချုပ်နှောင်နဲ့)(၁၅.၀၈.၂၀၁၁)
အောင်ဝေး(ဧရာဝတီရေဆန်)(၁၅.၀၈.၂၀၁၁)
အိမ့်ချမ်းမြေ့(မငိုပါနဲ့ ဧရာဝတီ)(၁၆.၀၈.၂၀၁၁)
လင်းခေတ်ဒီနို(ayarwaddy-not-for-sale)(၂၃.၀၈.၂၀၁၁)
ချစ်ကြည်အေး(အခမ်းနားဆုံးသော သက်ရှိကဗျာသို့)(၂၆.၀၈.၂၀၁၁)
မိုးယံ (ပြည်ကြီးတန်ဆာ)(၂၆.၀၈.၂၀၁၁)
ဒီမိုဝေယံ(ရေကာတာ၏ ဆိုးကျိုးခံနေရသော ပြည်သူများအတွက်
လက်ဆွဲစာအုပ်)(၂၇.၀၈.၂၀၁၁)
စစ်ငြိမ်းဒီရေ(ခေတ်တစ်ခေတ်၏ မြစ်)(၂၈.၀၈.၂၀၁၁)
ဘုန်းမြင့်ခိုင်(အရည်အချင်းရှိသော နိုင်ငံရေး ...)(၃၁.၀၈.၂၀၁၁)
ပန်ဒိုရာ(စေ့ရုံစေ့ထားတဲ့ ရွှေတံခါးတွေ)(၀၂.၀၉.၂၀၁၁)
ငြိမ်းအေးအိမ် (မြစ်ဆုံသို့) (၁၈.၀၈.၂၀၁၁)
ဒီမိုဝေယံ(တိုင်းပြည်ကိုရောင်းစားနေတယ်-ကိုကိုအောင်)(၀၇.၀၉.၂၀၁၁)
ကိုမင်း-ကဗျာများ(မောင်စိန်ဝင်း-ပုတီးကုန်း၏သား)(၀၈.၀၉.၂၀၁၁)
ဝါခေါင်မိုး(သူ မရှိတော့ရင်)(၀၉.၀၉.၂၀၁၁)
လင်းဦး-စိတ်ပညာ(အို ... ဧရာဝတီ)(၀၉.၀၉.၂၀၁၁)
ချစ်သူမောင်(ကျန်းမာပါစေ အမေ ဧရာဝတီ)(၁၈.၀၈.၂၀၁၁)
ချော-အစိမ်းရောင်(ဧရာဝတီနဲ့ Eleven-media)(၁၀.၀၈.၂၀၁၁)
ဒေါက်တာလွဏ်းဆွေ(မောင်ငြိမ်းအေး- တိုက်ပွဲခေါ်တဲ့ ဧရာဝတီ)
(၂၉.၀၈.၂၀၁၁)
ရဲရင့်သက်ဇွဲ(ဧရာဝတီ စိတ်ကစင့်ကလျား ...)(၂၇.၀၈.၂၀၁၁)
ရဲရင့်ငယ်(စိုင်းစိုင်းသန်းရွှေ- ဧရာဝတီသို့)(၂၉.၀၈.၂၀၁၁)
ရွှေစင်ဦး(ပန်ကြားချက်)(၁၉..၀၉.၂၀၁၁)
အိပ်ယာ(မြစ်ဧရာခေါ် ...)(၁၉.၀၉.၂၀၁၁)
ဒီမိုဝေယံ(မြစ်ဆုံဆည်သတင်းများ)
ကလူသစ်(ရောဂါသည်)(၁၈.၀၉.၂၀၁၁)
မြတ်လေးငုံ(မြစ်ပျောက်ရင် ...)(၁၈.၀၉.၂၀၁၁)
သတိုး(ဧရာဝတီ ဥဒါန်း)(၁၈.၀၉.၂၀၁၁)
Jasmine(တောင်ကြီး)(ဧရာဝတီအတွက် ...)(၁၈.၀၉.၂၀၁၁)
မောင်လေး(ဧရာဝတီအတွက် ရေတစက်)(၁၇.၀၉.၂၀၁၁)
ဇော်သိင်္ခ(ကျနော်တို့ရဲ့ ပထမအမေ ဧရာဝတီ)(၁၇.၀၉.၂၀၁၁)
သားထူး(အဆင့်သင့်ပဲဟေ့)(၁၇.၀၉.၂၀၁၁)
မောင်ဘကြိုင်(စိုးရိမ်မိပါသည် … အို ...)(၁၇.၀၉.၂၀၁၁)
မင်းဧရာ(အကြွင်းမရှိ ကန့်ကွက်ပါတယ် ...)(၁၇.၀၉.၂၀၁၁)
ကိုကိုးအိမ်(ဧရာနဲ့ချင်းတွင်း မြစ်နှစ်စင်းရဲ့ပေါင်းဆုံရာ)(၁၆.၀၉.၂၀၁၁)
ရဲရင့်ငယ်(မြစ်ဆုံရေကာတာမှ ရရှိမယ့် ... -VOA)(၁၅.၀၉.၂၀၁၁)
ငွေလမင်း(မထောက်ခံပါ ...)(၁၅.၀၉.၂၀၁၁)
ရွှေစင်ဦး(ရွှေစင်ဦးလည်း ဧရာဝတီကိုလွမ်းတယ်)(၁၄.၀၉.၂၀၁၁)
သိင်္ဂါကျော်(အားနဲ့မာန်နဲ့ မြစ်တစင်း)(၁၄.၀၉.၂၀၁၁)
ကိုကိုးအိမ်(ဧရာဝတီလား သူငိုနေတယ်)(၁၄.၀၉.၂၀၁၁)
မေဓာဝီ(မှင်စာလေးကို ကြည့်ပေးပါ)(၁၃.၀၉.၂၀၁၁)
(ဧရာဝတီကို ထာဝရရှင်သန်စေလိုသည်) နှင်းဟေမာန်
(မြစ်ဆုံစစ်တမ်း- သစ္စာနီ) ဒီမိုဝေယံ
(ဧရာဝတီအတွက်- ဦးအေးဆောင်) ဒေါက်တာလွဏ်းဆွေ
(ဧရာဝတီမြစ်ကို ကျနော်ချစ်တယ် ... မဟင်္သာ) ကိုအောင်သာငယ်
(ကျနော်ချစ်တာ ဧရာဝတီမဟုတ်ပါ) ကိုဇော်
(ဧရာဝတီရဲ့ ပဲ့တင်သံများ) မြတ်လေးငုံ
(ရှက်စရာ ကျွန်ုပ်ဘ၀နဲ့ မြန်မာ့လျှပ်စစ်မီး) ဇက်ဗီ
(သက်ရှိမြစ်- လေးဖြူ) လှိုင်ဘွား
(မှင်တစက် ... ဧရာဝတီအတွက်ဆင်းသက်ခဲ့ပြီ) ညိုလေးနေ
(မြောက်ဖျားပိုင်းက နမ့်ကျို) ကိုရန်နိုင်
(လူစွမ်းဆိုး) မန်းကိုကို
(ထာဝရမြစ်) မနီဇူလိုင်
(ဧရာဝတီအတွက် မန်းကစတင်ဦးဆောင်လိုက်ပြီ) ကိုမိုးသီးဇွန်
(ဧရာဝတီမြစ်- လာရှိုးသိန်းအောင်) ကိုအိုးဝေအောင်
(ရင်ဘတ်ထဲက မြစ်တစင်း) ဆန်းထွန်း
(အိမ်မက်ဆိုးတို့ သက်ဝင်ချိန်) မြတ်မွန်
(ဧရာဝတီအတွက် မင်းတို့ဘာမှ ပြောစရာမလိုဘူး) Sosegado
(ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ...) angelshaper
(ဧရာကမ်းက လွမ်းစာခွေ) ဦးဟန်ကြည်
(ဆက်လက်စီးဆင်းနိုင်ပါစေ မိခင်ဧရာဝတီ) မခင်မင်းဇော်
(မြစ်တစင်းအကြောင်း) မမသီရိ
(မြစ်ဆုံဆည်စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်) မြစ်ကျိုးအင်း
(ဧရာဝတီအတွက် ဆုတောင်း) မယ်သံ
(သို့ ... ဧရာဝတီ) ဇူးငယ်
(မြစ်ဧရာ အဓွန့်ရှည်ကျန်းမာနိုင်ပါစေ) ဧပရယ်လ်ပူး
(ဧရာဝတီအတွက် ...) အိမ်မက်စေရာ
(မြစ်ဆုံဆည် သတင်းများ) ဒီမိုဝေယံ
(မြစ်ဆုံဆည်ဆိုင်ရာ ...) ကိုပီတာ
(ဧရာဝတီအတွက် ရေတစ်စက်- ၂) မောင်လေး
(ချစ်သော ဧရာဝတီ ...) ညီလင်းသစ်
(ဧရာဝတီကို တတ်နိုင်သမျှ ကုစားကြဖို့ ...) သက်တန့်ချို
(ကျွန်မလည်း ဧရာဝတီကိုချစ်သည်) TTSweet
(သေမင်းတမန် မြစ်ဆုံရေကာတာ ...) မငယ်နိုင်
(Say “No” to ....) monpetitavatar
(ခေတ်သစ် တိဘက်) အိမ့်ချမ်းမြေ့
(ဒီလိုဆို “မြစ်ဆုံ စီမံကိန်း” ...) မိုးယံ
(ချစ်သော အမေ့အတွက် ...) ၀ါခေါင်မိုး
(အမေ့ကို ကယ်တင်ကြစို့) အင်ကြင်းသန့်
(ဧရာဝတီကို ကယ်တင်ပါ) ယွန်း
(ချစ်သောဧရာဝတီ ရှင်သန်ရမည်) မရွှေစင်ဦး
(စိုးထိတ်ပါသည် ဧရာဝတီ) လင်းခေတ်ဒီနို
(ဧရာဝတီကို စောင့်ရှောက်ကြကုန်လော့) မြသွေးနီ
(မြစ်ဧရာ အေးချမ်းပါစေ) အန်တီတင့်
(ထာဝစဉ် ....) မေဓာဝီ
(ဧရာဝတီ တော်လှန်ရေး) မကေ
(အကြွင်းမဲ့ ကန့်ကွက်ပါသည်) ကိုအေအေတီအို
(ရပ်) ကိုလူသစ်
(မြစ်ဆုံဆည် ... ) သဒ္ဒါလှိုင်း
(မြယဉ်မဟာမြစ်ဧရာ) မစုချစ်သူ
(မြစ်ဆုံဆည်နဲ့ ပက်သက်သော) ရဲရင့်ငယ်
(ဧရာဝတီ တမ်းချင်း) ငွေလမင်း
(မြစ်မင်း ဧရာသို့) မေသိမ့်သိမ့်ကျော်
(ဧရာဝတီမြစ်ဆုံဆည် ... ) အဖြူရောင်နတ်သမီး
(မိခင် ဧရာဝတီ) မချစ်ကြည်အေး
(ချစ်ရပါသည် ဧရာဝတီ) ဖြိုးဖြိုးလှိုင်
(ဧရာဝတီ ကာကွယ်ရေး) ကိုဧရာ
(ဧရာဝတီသည် ငါတို့မြစ်) rose sharon
(ကမ်းစပ်ရေကြည်ကြည်) နှင်းနဲ့မာယာ
(မျှော်လင့်လျှက်ပါ မြစ်ဧရာ ...) ချောအစိမ်းရောင်လွင်ပြင်
(ချစ်တတ်ပါရဲ့လား ...) အဖြူလေး
(ကျမချစ်သော ဧရာဝတီ) Baby Taster
(ဧရာဝတီမြစ်ထဲက သရဲ) စစ်ငြိမ်းဒီရေ
(blogger mgmyo for ayeyarwady) မောင်မျိုး
(ဧရာဝတီဆိုသည်မှာ ...) ဇော်သိင်္ခ
(ဧရာဝတီဆိုတဲ့ သွေး) ကိုလင်းဦး(စိတ်ပညာ)
(သို့ ... ဧရာဝတီ) blackroze
(ဧရာဝတီအတွက် စကားစမြည်း) ညီရဲသစ်
(မြစ်ကြီး ဧရာဝတီ) ဇွန်မိုးစက်
(ဧရာဝတီ ... အားလုံးနဲ့ဆိုင်ပါသည်) KiKi
(ချစ်သော ဧရာဝတီသို့) မသက်ဝေ
(ရွှေမြန်ပြည်နှင့် အတူတည်စေ) မောင်ဘကြိုင်
(ရေကာတာ၏ ဆိုးကျိုးများ) မကောင်းမွန်ဝင်း
(Save Our Rivers (Ayeyawadi)) ရဲအောင်သူ
(မြေမြိုမှာ မကြောက်တော့ဘူး အမေငိုမှာပဲ ...) မဒမ်ကိုး

ဧရာဝတီအကြောင်း စာရေးဆရာများ ဟောပြောမည်
ဧရာဝတီအကြောင်း စာရေးဆရာများ ဟောပြောမည်
လမ်းပြကြယ်မှ Save Irrawaddy
လမ်းပြကြယ်မှ Save Irrawaddy
Labels:
saveirrawaddy
ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ
စင်္ကာပူရောက် ဧရာဝတီချစ်သူအပေါင်းတို့ခင်ဗျား
ကျနော်တို့ မြန်မာနိုင်ငံတွင်အစပြု၍ မြန်မာနိုင်ငံတွင်အဆုံးသတ်ပြီး မြန်မာနိုင်ငံသားတို့တို့သာပိုင်ဆိုင်သော ကျွန်ုပ်တို့မိခင် ဧရာဝတီမြစ်ကြီးသည် သေလောက်အောင်လည်မြိုညှစ်ခြင်းကို စတင်ခံနေရပြီ ဖြစ်ပါသည်။
မေခ၊ မလိခ နှင့် ဧရာဝတီကိုဖြတ်ပတ်၍ ဆည် ၇ခု ဆောက်လုပ်နေပြီးဖြစ်သည်။ (ရရှိလာသောလျှပ်စစ်ဓါတ်အား၏ ၉၉% ကို တရုတ်ပြည်သို့တင်ပို့မည်ဖြစ်သည်)
ထိုဆည်များပြီးသွားပါက ဧရာဝတီ၏ ဗေဒင်မေးစရာ၊ လေ့လာရေးပြုလုပ်နေရန်ပင်မလိုတော့ပါ၊ အနှေးနဲ့ အမြန်သေဆုံးခြင်းသို့ ရောက်ရတော့မည်သာဖြစ်သည်။
တရုတ်ပြည်က မြစ်ဝါမြစ်ဟာ ကျနော်တို့အတွက် အကြောင်းဆုံး ဥပမာဖြစ်မယ်လို့ထင်ပါတယ်။ မြစ်ဝါမြစ်သာမက ယခု ဗီယက်နမ်၏ အဖြစ်ကိုလည်း လေ့လာစေလိုပါသည်။ မဲခေါင်မြစ်ဝကျွန်ပေါ်ဒေသကို ပိုင်ဆိုင်ပြီး ကမ္ဘာ့ဆန်အတွက်ဆုံးနိုင်ငံတခု-
ယခု မဲခေါ်မြစ်ရေနည်းလာမှုကြောင့် ရေချို ရေငံမျှခြေပျက်ပြီး ရေငံပိုမိုဝင်ရောက်လာမှုကြောင့် စပါးစိုက် ဧကများစွာ ထာဝရပျက်စီးသွားခဲ့ပါပြီ။
မြစ်ဆုံဆည်စီမံကိန်းပြီးလျှင် မြစ်ဆုံဒေသနှင့် မြစ်လည်ဒေစကို ထည့်မပြောနဲ့အုံး၊ ဆည်စီမံကိန်းနဲ့ အဝေးဆုံး မြစ်ဝကျွန်းပေါ်ဒေသပါ အတိဒုက္ခရောက်ကြတော့မည်ဖြစ်သည်။
ဧရာဝတီမြစ်ရေ ပင်လယ်ထိရောက်အောင် မစီးဆင်းနိုင်ခဲ့သော်.................................
မြန်မာပြည်၏ စပါးကျီပျက်ခဲ့သော်..............................................
မြန်မာပြည်တွင် ဘဘဦးဝင်းတင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များသာမက၊ နာမည်ကျော်သတင်းစာ ဆရာကြီးများ၊ ကိုကျော်သူ၊ မရွှေဇီးကွက်၊ ဆရာမဒေါ်သန်းမြင့်အောင်တို့ ကဲ့သို့ လူမှုရေးလုပ်ဆောင်နေသူများပါမကျန် အမျိုးသားရေးတရပ်အနေနှင့် ဝိုင်းဝန်းလက်မှတ်ရေထိုး ကန့်ကွက်နေကြပြီ ဖြစ်ပါသည်။
ကျွန်ုပ်တို့ စင်္ကာပူရောက်မြန်မာများအနေနှင့်လည်း ယခုလိုအမျိုးသားရေးကိစ္စကို အဘယ့်ကြောင့် လက်ရှောင်နေကြမည်နည်း။
ကျွနု်ပ်တို့၏ အမျိုးစားရေးအားမာန်နှင့် သတ္တိကို ပြသရန် အချိန်ကြရောက်နေပြီဖြစ်သည်။
ကျွန်ုပ်တို့ ကြောက်၍လက်ရှောင်ခဲ့လျှင် ကျွန်ုပ်တို့၏ အနာဂါတ်မျိုးဆက်အတွက် ဧရာဝတီကို ဒဏ္ဍာရီမြစ်တစင်းအဖြစ်သာ လက်ဆောင်ပေးနိုင်ကြတော့မည် ဖြစ်ပါသည်။
လက်မှတ်ရေးထိုးလိုသူများ - လမ်းပြကြယ်စာကြည့်တိုက်
Peninsula Plaza (04-09)
စာကြည့်တိုက်ဖွင့်ချိန်များ - - ဗုဒ္ဓဟူးနေ့ - ညနေ ၆-၃ဝ မှ ည ၉ နာရီ
စနေနေ့ - နေ့လည် ၂ နာရီ မှ ည ၉ နာရီ
တနင်္ဂနွေနေ့ - နေ့လည် ၁၂ နာရီ မှ ည ၉ နာရီ
အမျိုးသားရေးအတွက် စိတ်အားထက်သန်သူများလာရောက် လက်မှတ်ရေးထိုးကြရန်ဖိတ်ခေါ်ပါသည်။ တဦးချင်းမလာနိုင်သူများ Attach file ကို Print ထုတ်၍ စုပေါင်းလက်မှတ်ထိုးပြီး လမ်းပြကြယ်သို့ လာရောက်ပေးပို့နိုင်ပါသည်။

လောကကို အလှဆင်မည့်သူ
အလိမ္မာ စာမှာရှိ
“လမ်း” ကို မမြင်၊ ဟိုဒီဝင်ထွက်
ဆင်ခြင်မဲ့ မျက်မှောက်၊ အနာဂတ် မပျောက်အောင်
စွမ်းဆောင်ချင်ကြ၊ သောမနဿ ဆန္ဒများ --- ၊
“ပြ”သည့် လမ်းမှန်၊ ဘာသာပြန် ရသ
သုတခောတ်ပြိုင်၊ တွေးခေါ်နိုင်စေ
မျှဝေသမိုင်း၊ အတိုင်းမရှိ ဆန္ဒများ --- ၊
“ကြယ်” ရောင်အလင်း၊ အဆင်းသဏ္ဌာန်
အမြင်မှန်မှု၊ ဆန္ဒပြု၍
ပေါင်းစုကြွေးကြော်၊ နှိုးဆော်အပ်ပါသည် --- ။
“လမ်းပြကြယ်” သည်
နေမင်းပမာ၊ သော်တာအလား
မ၀င့်ငြားလည်း၊ သူ့နည်းသူ့ဟန်
သူ့သဏ္ဌာန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို အလှဆင်လိုပါတကား --- ။ ။

news
ဒေါ်စုကို ပို့စကဒ်လေးတွေပို့ပြီး ၀ိုင်းဝန်းအားပေး ပံ့ပိုးကူညီကြပါစို့
စင်္ကာပူရောက်မိတ်ဆွေများခင်ဗျား . . .
အမေရိကန်ရောက်မြန်မာများအနေနှင့် ဒေါ်စုလွတ်မြောက်ခြင်းအပေါ် ကြိုဆိုသောအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပို့စကဒ်များပို့ပေးရန် စီစဉ်နေကြပါသည်။ ကျွန်တော်တို့ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသူများအနေနှင့်လည်း အလားတူ အဝေးရောက်ပြည်သူအားလုံးက ဒေါ်စု၏ နောက်တွင် အစဉ်အမြဲ ထောက်ခံအားပေးလျှက် ရှိကြောင်း ပြသရန်အတွက် ဒေါ်စုထံသို့ ပို့စကဒ်များ စုပေါင်း၍ ပေးပို့ရန် တိုက်တွန်းလိုက်ပါတယ်။
ထိုသို့ ပေးပို့လိုပါက
လမ်းပြကြယ်စာကြည့်တိုက်
111, North Bridge Road, Peninsula Plaza
#04-09, Singapore 179098
သို့ပေးပို့နိုင်သလို လမ်းပြကြယ်စာကြည့်တိုက် ဖွင့်လှစ်သော အချိန်များတွင် ကိုယ်တိုင်ကိုယ်ကျသွားပေးနိုင်ပါသည်။
လမ်းပြကြယ် ဖွင့်လှစ်ချိန် -
Wednesday - 7pm - 9pm
Saturday - 2pm - 9pm
Sunday - 12pm - 9pm
မိမိကြိုက်နှစ်သက်ရာ ပို့စကဒ် သို့မဟုတ် ကျွန်တော်တို့ ပြုလုပ်ထားသော ပို့စကဒ်ပေါ်တွင် တဦးချင်းစီ၏ ခံစားမှုများ သို့မဟုတ် အကြံပေးချက်များကို ရေးသားပေးပို့နိုင်မည်ဖြစ်ပါသည်။
ပို့စကဒ်များ ရရှိသည့်အပေါ်မူတည်၍ အားလုံးကို စုပေါင်းကာ DHL/FedEx စသော အိမ်အရောက် ပေးပို့သည့် စာပို့စနစ်များကို အသုံးပြု၍ ပေးပို့သွားမည်ဖြစ်သောကြောင့် ဒေါ်စု၏ လက်ဝယ်သေချာပေါက် ရောက်ရှိရန် စိတ်ချရမည်ဖြစ်ပါသည်။
ပို့စကဒ်များ လက်ခံရရှိမှု အပေါ် မူတည်၍ ဒေါ်စုထံသို့ ပေးပို့သွားမှာ ဖြစ်ပြီး နိုဝင်ဘာ ၃၀ရက် ၂၀၁၀ နောက်ပိုင်းလက်ခံရရှိသော ကဒ်များကို ပေးပို့တော့မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
ဤစာကို လက်ခံရရှိသော မိတ်ဆွေများကလည်း အများသိစေရန် မိမိတို့၏ အသိမိတ်ဆွေများထံ လက်ဆင့်ကမ်းပေးပို့ ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

home
သင့်မေတ္တာဖြင့် အသက်ကယ်ကြစို့
“ ၀မ်းမြောက်ဖွယ်သတင်းကောင်း “
မိမိချွေးနည်းစာထဲမှ တတ်အားသမျှကုသိုလ်ပြုချင်သူ စင်ကာပူရောက် အကိုအမများအတွက် ၀မ်းမြောက်ဖွယ်သတင်းကောင်းပါးအပ်ပါသည်။
ကျနော်တို့မြန်မာနိုင်ငံသည် အာရှတွင် HIV / AIDS ကူးစက်ခံရမှု အမြင့်ဆုံးတွင်ရှိပြီး (ranked 51 out of 166 countries) နှစ်စဉ် လူဦးရေ ၁၁,၀၀၀ မှ ၃၅,၀၀၀ ထိသေဆုံးနေကြောင်း ၂၀၀၅ UNAIDS စာရင်းဇယားအရ သိရှိရပါသည်။ယခု ၅ နှစ်ကျော်ကြာပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် မည်မျှဆိုးဝါးနေမည်နီးကို စာရင်းအတိအကျမရှိ၍ မသိရှိနိုင်ပါ။
ရန်ကုန်မြို့၌ အိပ်ခ်ျအိုင်ဗွီ ဝေဘာဂီ ကူးစက်ဆေးရုံ၊ မင်္ဂလာဒုံ ကူးစက်ဆေးရုံတို့ရှိပြီး တနေ့လျှင် ပျမ်းမျှ လူနာ (၅၀) ခန့် သေဆုံးလျက်ရှိကြောင်း၊ သိရှိရပါသည်။
ထို့ အတွက် NGO အဖွဲ့ အစည်းများ၏ အနည်းငယ်မျှသော အကူအညီနှင့် ခက်ခက်ခဲခဲ ဆောင်ရွက်နေသော မဖြူဖြူသင်းဦးဆောင်သည့် (HIV မြန်မာ ) အဖွဲ့  အားထောက်ပံရန် ကျနော်တို့ လမ်းပြကြယ် မြန်မာစာကြည့်တိုက်မှတာဝန်ယူ၍ လစဉ် အလှူငွေကောက်ခံသွားပါမည်။သို့ ပါ၍ မိမိတို့  တတ်အားသမျှ S$ 5 မှစ၍ စေတနာရှိသလောက်ပါဝင်လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါအပ်ပါသည်။
“ သင့်မေတ္တာဖြင့် အသက်ကယ်ကြစို့ ”

မဖြူဖြူသင်းရရှိသော ဆုများ
- zech သမ္မတနိုင်ငံ၊ People in Need ဖောင်ဒေးရှင်းက ပေးအပ်သော Homo Homini (2008) ဆု
- ၂၀၁၀ ပြည်သူ့ဂုဏ်ရည် ဆန်ကာတင် ၅ ဦး စာရင်းဝင်
မဖြူဖြူသင်း၏ပြောကြားချက်များ
- ၂၀၀၂ ကစလို့ HIV/AIDS၊ TB ရောဂါသည် လူနာပေါင်း ၅, ၀၀၀ ကျော်ကို ဆေးရုံပြသဖို့၊ သွေးစစ်ဖို့၊ သောက်ဆေးရဖို့ ကူညီပေးခဲ့ပြီး လတ်တလော လူနာ ၁၀၀ ဝန်းကျင်ကို လက်ခံ စောင့်ရှောက် ထားပါတယ်။ ပိုပြီးတိုးချဲ့ လုပ်ကိုင်နေ ပေမယ့်လည်း အကူအညီတွေ ကတော့ လိုအပ်နေဆဲ ဖြစ်တယ် လို့လည်း မဖြူဖြူသင်းက ရှင်းပြပါတယ်။
- “ကျမတို့ အခု ဆက်လက် လုပ်ကိုင်ဆောင်ရွက် နေတာကလည်း အားလုံးဟာ အမျိုးသားရေး စိတ်ဓာတ် အနေနဲ့ ကျမတို့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို အခုလိုပေါ့ HIV ကိစ္စတွေ ရှိတယ်။ လူမှုရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေလည်း အန်အယ်လ်ဒီမှာ လုပ်ကိုင် ဆောင်ရွက်နေတာ ရှိတယ်။ အဲဒါတွေ အကုန်လုံးကို ကျမတို့က ရပ်တန့်မသွားဘူး၊ တိုင်းပြည်အတွက် လိုအပ်ချက် တခုအနေနဲ့ရော အမျိုးသားရေး တာဝန်တရပ် အနေနဲ့ရော ကျမတို့ ဆက်ပြီး လုပ်သွားမှာ။”
- (ခေတ်ပြိုင်) မေး ။ ။ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရှိပါသလား။
ဖြေ။ ။ ကျမတို့ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲကတော့ ငွေကြေးအခက်အခဲပါပဲ။ ငွေကြေးမလုံလောက်တဲ့အခါကျ ကျမတို့အရမ်းပင်ပန်းတယ်။ လူနာတွေအတွက် ပင်ပန်းတာပါ။ ဒိထက်ပိုလုပ်ရမယ့်အလုပ်တွေ၊ လုပ်နိုင်တာတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ထင်သလောက် မလုပ်နိုင်ဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျလုပ်မယ်ဆိုရင်တော့ အများကြီး လိုအပ်နေပါသေးတယ်။
လှူဒါန်းရန်ဌာန
လမ်းပြကြယ် မြန်မာစာကြည့်တိုက်
111, North Bridge Road, Peninsula Plaza
#04-09, Singapore 179098
Ph - (65) 6337 1569 (Time: Wed-7pm to 9pm, Sta-2pm to 9pm, Sun-12pm to 9 pm)
မဖြူဖြူသင်း

မဖြူဖြူသင်းဟာ ရန်ကုန် ဇာတိ ဖြစ်ပြီး ၁၉၇၂ ခုနှစ်မှာ မွေးဖွား ခဲ့ ပါတယ်။ ရန်ကုန် တက္ကသိုလ်မှာ သမိုင်း ဘာသာ အဓိကဖြင့် ပညာ သင်ကြားခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖြစ် ပါတီ လုပ်ငန်းများ ဆောင်ရွက် နေစဉ် ၂၀၀၂ ခုနှစ်မှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ညွှန်ကြားချက် နဲ့ လူငယ် ၂၀ ဦး စိစစ်ရွေး ချယ်ရာမှာ တဦး အဖြစ် ပါဝင်ခဲ့ပြီး UNDP ရုံးက HIV ကာကွယ် တားဆီးရေးနဲ့ ပြုစု စောင့်ရှောက် ရေးသင်တန်းကို တက်ရောက်ခဲ့ပါတယ်။ အဲဒီကနေစပြီး HIV/AIDS ကူညီကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင် ခဲ့ပါတယ်။ ၄င်းတို့ အဖွဲ့ စတင် တည်ထောင်စဉ် ကပင် အဖွဲ့ ချုပ်လူငယ်များ နဲ့ စတင်ခဲ့သဖြင့် အာဏာပိုင်များရဲ့ နှောင့်ယှက်မှု များကို အမြဲလိုလို ကြုံတွေ့ ခဲ့ရပြီး ဖမ်းဆီးခံရမှု များပင် ရှိခဲ့ပါတယ်။ NGO တွေက နိုင်ငံရေးနဲ့ မပတ်သက်ရဘူး ဆိုတဲ့ အတွက်ကြောင့် လဲ ဘယ် NGO ကမှ သူတို့ကို မကူညီရဲ ကြပါဘူး။ မဖြူဖြူသင်း ခေတ္တတိမ်းရှောင်နေစဉ်အတွင်း သူမရဲ့ ဖခင်ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ကြီးရဲ့ နောက်ဆုံး ခရီး ကို ပင် လိုက်ပါ ပို့ဆောင် ပေးနိုင်ခြင်း မရှိခဲ့ပါ။
လုပ်ငန်း စတင်တဲ့အချိန်က ရောဂါသည်များကို အားပေးမှုအပိုင်းသာ လုပ်ပေးနိုင်ခဲ့ပေမယ့်လို့ အခုဆိုရင် လူနာ များကို အေ အာ ဗွီ ဆေးများ တိုက်ကျွေးနိုင်ခဲ့ပြီလို့ သိရပါတယ်။ တနိုင်ငံလုံး အတိုင်းတာဖြင့် ယခုအချိန်မှာ လူနာပေါင်း လေးထောင်ကျော်ရှိနေပြီိး အခက်အခဲပေါင်းများစွာကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ လူနာများအားတတ်နိုင်သလောက် ကူညီဆောင်ရွက် ပေးနေရာမှာ သူမ ရဲ့ မိသားစုများကပါ ကူညီပေး ခဲ့ကြပါတယ်။
ကုလသမဂ္ဂ (UN AIDS) က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများအရ မြန်မာပြည်မှာ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံရသူ (၃) သိန်း (၆) သောင်းကျော်ရှိပြီး အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကတော့ တနှစ်အတွက် အမေရိကန် ဒေါ်လာတသိန်း ဝန်းကျင်သာ ရှိတယ်လို့ဆိုပါတယ်။ အဲဒီပမာဏကနေ လူတဦးချင်းစီ ပျမ်းမျှရရှိမယ့် ကျန်းမာရေး စောင့်ရှောက်မှုနှုန်းကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အစိုးရက နိုင်ငံသားတဦးအတွက် အကုန်အကျခံတဲ့ ပမာဏထက် အဆပေါင်း (၂၅ဝ) ခန့် လျှော့နည်းတယ်လို့ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးရဲ့ စာရင်းဇယားများက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ခုခံအားကျဆင်းမှုရောဂါနှင့် ပတ်သက်ပြ်ီး ကာကွယ်တားဆီးရေး လုပ်ငန်းများကို လုပ်ဆောင်ရာမှာ အန်ဂျီအိုများအနေနဲ့ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲ ကျင်းပမယ်ဆိုရင် အစိုးရထံသို့ ခွင့်ပြုချက်အဆင့်ဆင့်တင်ရခြင်း ၊ လူဦးရေ ကန့်သတ်ပေးခြင်း၊ နေရာဒေသ ကန့်သတ်မှုများရှိနေခြင်း တို့အပြင် နယ်ဒေသများသို့ သွားရောက်ပညာပေးမယ် ဆိုပါက သွားရောက်ခွင့်ကို အဆင့်ဆင့် တောင်း ခံရခြင်း တို့ကြောင့် NGO, INGO အများစုတို့မှာ အကန့်အသတ်တွေများပြားလာခဲ့ပါတယ် ။ အဲဒီလိုအဖြစ်အပျက်တွေကြောင့် AIDS ကာကွယ်တားဆီးရေး လုပ်ငန်းတွေပါ အားနည်းလာခဲ့ရတဲ့ အခြေအနေမျိုးဆိုက်ရောက် ခဲ့ရပါတယ်။ မဖြူဖြူသင်းလို မေတ္တာ၊ကရုဏာအပြည့်နဲ့ အပင်ပန်း၊ အဆင်းရဲခံပြီး၊ ကျယ်ပြန့်ထိရောက်စွာ စေတနာ့ဝန်ထမ်း လုပ်ဆောင်နိုင်ခြင်းကတော့ သူမရဲ့ ထင်ရှားတဲ့ အရည်အချင်းတခု ဖြစ်ပါတယ်။
မဖြူဖြူသင်းဟာ ၂ဝဝ၂ ခုနှစ်မှစ၍ တောင်ဒဂုံမြို့နယ် ရပ်ကွက်(၁၈) နဲ့ (၂၀) ရှိ ကယ်ဆယ်ရေးဂေဟာ (၂) ခုကို ဦးဆောင် တာဝန်ယူခဲ့သူ ဖြစ်ပြီး ယခုအချိန်ထိ အဆိုပါ ဂေဟာများဟာ နိုင်ငံတဝှမ်းမှ ဝေဒနာရှင် ငါးထောင်ကျော်ကို အခမဲ့ ဆေးဝါး အကူအညီ ပေးနိုင်ခဲ့ပြီ လို့သိရပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးကိုသွား ရောက်ပြီးတော့လဲ ပညာပေး အစီအစဉ်များကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

မဖြူဖြူသင်းဟာ HIV/AIDS ကာကွယ် တားဆီးရေးနဲ့၊ ရောဂါ ဝေဒနာသည်များ ပြုစု စောင့်ေ ရှာက်ရေး၊ လုပ်ငန်းထဲမှာ သူမ ဘဝကို မြုပ်နှံ လုပ်ကိုင်နေတာ ပါ။ မိသားစု၊ အပေါင်းအသင်း များကို လျစ်လျှူရူပြီး သူမ ရဲ့လူနာများ နဲ့သာ သူမ ရဲ့အချိန်တွေကို ကုန်ဆုံး စေသူ ဖြစ်ပါတယ်။ မိုးလင်းလို့ အိပ် ယာထတာနဲ့ မဖြူဖြူသင်းရဲ့ အိမ်ရှေ့မှာ လူနာတွေ တန်းစီနေပြီး မအိပ်ခင် အချိန်ထိ သူမရဲ့ လူနာ များကို အားပေး နှစ်သိမ့် ဆွေးနွေးမှု ပေးနေ ခဲ့ပါတယ်။
မဖြူဖြူသင်းရဲ့ လုပ်ဆောင်ချက်များ ဟာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များရဲ့ ကူညီ ပံ့ပိုးမှု မရရှိ တဲ့အပြင် ၄င်းရဲ့ လှုပ်ရှားမှု များကို တချိန်လုံး စောင့်ကြည့် ခံနေခဲ့ ရပါတယ်။ ဒါ့အပြင် ဆေးဝါးနဲ့ ကာကွယ် ကုသရေး အထောက် အကူ ပစ္စည်းများ မလောက်ငှတဲ့ အခက်အခဲများ ကြားထဲကနေ တည်တည် ငြိမ်ငြိမ်ဖြင့် အကူအညီ လိုအပ်နေတဲ့ ရောဂါ ဝေဒနာသည် များကို နေ့ည မရွေး ပြုစု စောင့်ရှောက် နေခဲ့တာ ဖြစ်ပါတယ်။
မျက်မြင် ကူညီပေးသူတယောက်ရဲ့ ပြောကြားချက်မှာတော့ သူမ လူနာတစ်ယောက်ကို ဆေးသွင်းပေးနေစဉ် လူနာမှာ သွေးများရွှဲအိုင်နေပြီး၊ သူမရဲ့ လက်မှာလည်း သွေးများ ရွှဲအိုင်နေခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလိုသာဆိုရင် သာမန်လူများအနေနဲ့ ကြောက်လန့်တကြား ထွက်ပြေးပြီးလောက်ပါပြီ။ ဒါပေမဲ့ မဖြူဖြူသင်းကတော့ လူနာကိုမကြောက်နဲ့၊ ဒါကဘာမှမဖြစ်ဘူးဆိုပြီး နှစ်သိမ့်ဆွေးနွေး ပေးနေပါတယ်။ ဒီသွေးမှတဆင့် ကူးစက်နိုင်တာကို သိလျက်နှင့် မဖြူဖြူသင်းရဲ့ ကြီးမားတဲ့ မေတ္တာစေတနာကို အထင်အရှားတွေ့နိုင်တဲ့ ဖြစ်ရပ်တခုပါ။ ဝေဒနာကြောင့် ဘယ်လောက်ပဲ အမောဖောက်နေပါစေ၊ “အမရဲ့မျက်နှာ၊ အမပြောတဲ့နှစ်သိမ့်စကားတွေကို ကြားတာနဲ့ ရောဂါတဝက် သက်သာတယ်” လို့ အားကိုးတကြီး ပြောကြတဲ့ လူနာပေါင်း များစွာ ရှိပါတယ်။ လူနာများဟာ သူမအိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်စားသောက်၊ နေထိုင်ကြပြီး လမ်းစရိတ်လိုကိစ္စများမှအစ ဖြေရှင်းပေးနေရ တာကို တွေ့နိုင်ပါတယ်။
ယဉ်ကျေးမှုအရ မပွင့်လင်းသော၊ အသိပညာနောက်ကျနေသော၊ လွဲမှားသောအမြင်များဖြင့် ပတ်ဝန်းကျင်မှလက်မခံဘဲ AIDSရောဂါသည်တွေကို ခွဲခြားဆက်ဆံမှုတွေရှိသော လူနေမှု အသိုင်းအဝိုင်းမှာ အခုလို မကြောက်မရွံ့ ဖောက်ထွက်ပြီး အကူအညီလိုအပ်နေသူတွေရဲ့ရှေ့  ကနေ မားမားမတ်မတ် ရပ်တည်ကာ ကျန်းမာရေးအသိ ကျယ်ပြန့် ပွင့်လင်းလာအောင် အန္တရာယ်နဲ့ စွန့်စားရတဲ့ ကူညီပေးမှုပါ။ အေ ကိုက်မယ်လို့ နောက်ပြောင်ခဲ့ရင် “မဖြူရှိတယ် မကြောက်ဘူး” ဆိုတဲ့ စကား က သူမအပေါ် ချစ်ခင်လေးစားမှုနဲ့ အားထားယုံကြည်မှုကို ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။
မဖြူဖြူသင်းဟာ တုနိုင်းမရတဲ့ မေတ္တာရှင်တစ်ယောက်ဖြစ်ပြီး ရန်သူမိတ်ဆွေမရွေး ကူညီတတ် ခြင်းကြောင့် ဝေဒနာသည်တွေရဲ့ ဂရုဏာရှင်ဖြစ်တယ်ဆိုတာအားလုံးက အသိအမှတ်ပြု လေးစားခြင်း ခံခဲ့ရသူဖြစ်ပါတယ်။
လက်ရှိ အကြပ်အတည်းအမျိုးမျိုးကြားကနေ ရုန်းကန်ရင်ဆိုင်ရင်း လုပ်ကိုင်နိုင်ခဲ့တာကြောင့်မို့ အခုလက်ရှိကာလမှာ ရောဂါဝေဒနာရှင်များသာမကဘဲ ပြည်သူတစ်ရပ်လုံးကပါ ယုံကြည်လေးစား လာခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်များအတွက် အများအကျိုးဆောင်ရွက်ရတဲ့ လုပ်ငန်းတွေကို စိတ်ပါဝင်စားလာစေရန် စံနမူကောင်းတရပ်ပဲ ဖြစ်ပါတော့တယ်။
References
-------------------------------------------------------------------------------------------------------------------
http://phyuphyuthin.blogspot.com/
http://2011.citizenofburma.org/proud-to-be-burmeses/ma-phyu-phyu-thin.html
http://en.wikipedia.org/wiki/HIV/AIDS_in_Burma

လမ်းပြကြယ်အကြောင်း
စာကြည့်တိုက် စတင်ဖွင့်လှစ်ကတည်းက ဦးဆောင်သူနှင့် လုပ်အားပေးများ အားလုံးဟာ စေတနာ့ဝန်ထမ်းများသာဖြစ်ပါတယ်။
စာကြည့်တိုက်ကို အဓိက ဦးဆောင်ပြီး operation လုပ်နေသူ ၁၆ ဦး ရှိပါတယ်။ တခြား အချိန်ပိုင်း လုပ်အားပေးတဲ့ စေတနာရှင်များလည်း ၂၀ ကျော်လောက်ရှိပါတယ်။ မြန်မာပြည်ရဲ့ မမေ့ပျောက်နိုင်၊ အရေးပါတဲ့ နေ့တွေမှာတော့ စာကြည့်တိုက် လုပ်အားပေး စေတနာရှင်တွေနဲ့အတူ စာကြည့်တိုက်မှ စတုဒီသာအလှူပြုခြင်း၊ ဓါတ်ပုံပြပွဲများ ပြုလုပ်ခဲ့ပါတယ်။ ဥပမာ (ဗိုလ်ချူပ်မွေးနေ့ ၊ဒေါ်စု မွေးနေ့ ) တခြားအဖွဲ့အစည်းများမှ မြန်မာနိုင်ငံအတွက်အကျိုးရှိမည့် activity ရှိလျှင် စာကြည့်တိုက်မှ တတ်အားသရွေ့ ပါဝင်ကူညီပေးခြင်းတို့ဖြစ်ပါတယ်။ လစဉ် စာအုပ်တစ်အုပ်ကို ရွေးချယ်၍ ထိုစာအုပ်ကိုဆွေးနွေးကြပါသည်။
စာကြည့်တိုက် ထူထောင်တဲ့ ရည်ရွယ်ချက်
(၁) ရုပ်အာဟာရအတွက် စင်္ကာပူတွင်လာရောက်လုပ်ကိုင်နေသောမြန်မာများအတွက်လိုအပ်နေသော စိတ်အာဟာရကို ဖြည့်ဆည်းပေးရန်။
(၂) မြန်မာပြည်တွင် ဖတ်ရှုခွင့်မရသော စာပေများကိုဖတ်ရှုနိုင်စေရန်။
(၃) စာကောင်းပေကောင်းများ ဖတ်ရှုပြီး အမိနိုင်ငံတော်အတွက် အကျိုးပြုလိုစိတ်များပေါ်ပေါက်လာစေရန်။
(၄) Computer/Internet သုံးစွဲရန် အခွင့်မသာသော စင်္ကာပူရောက် အစ်ကိုအစ်မများအတွက် မြန်မာ့သတင်း ၊ ကမ္ဘာ့သတင်းများ လွယ်ကူစွာ ဖတ်ရှုနိုင်ရန်။
(၅) မြန်မာတိုင်းရင်းသားများ အချင်းချင်း ညီညီညွတ်ညွတ်နှင့် စုပေါင်းလုပ်ဆောင်လာနိုင်စေရန်။

about
Subscribe to:
Posts (Atom)