.     -->      
               
     

       
       
Link to this page

လမ်းပြကြယ်စာကြည့်တိုက် တည်ထောင်ခြင်း ၆ နှစ်ပြည့်အထိမ်းအမှတ်စာပေဟောပြောပွဲ

လာမည့် ဂျူလိုင်လ (၇) ရက်နေ့မှာ လမ်းပြကြယ်စာကြည့်တိုက်မှ "လမ်းပြကြယ်စာကြည့်တိုက် တည်ထောင်ခြင်း ၆ နှစ်ပြည့်အထိမ်းအမှတ်စာပေဟောပြောပွဲ" ကျင်းပမည် ဖြစ်ပါသည်။ ဟောပြောမည့် ဆရာများမှာ -
(၁) ဆရာနေ၀င်းမြင့်
(၂) ဆရာမ မသီတာ (စမ်းချောင်း) ဖြစ်ကြပါသည်။

နေရာ ။ ။Kreta Ayer People's Theatre, 30A Kreta Ayer Rd, Singapore 088997
နေ့ရက်။ ။7 July 2013
အချိန် ။ ။14:30 to 18:30

လက်မှတ်များကို (13.06.2013) မှ စတင်၍ ရနံ့သစ် စားသောက်ဆိုင်နှင့် မြနန်းနွယ်စတိုးဆိုင် တို့တွင် စုံစမ်း ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။

လက်မှတ် ဈေးနှုန်ုးမှာ - 15 S$ ဖြစ်ပါသည်။

လမ်းပြကြယ် အသင်းဝင်များကို 10 S$ ဖြင့်ရောင်းချပေးပါမည်။ (Valid Member Card ရှိရန်လိုအပ်ပါသည်)

ကျေးဇူးတင်စွာဖြင့်
လမ်းပြကြယ်စာကြည့်တိုက် (စင်ကာပူ)


ပြည်သူ့နီတိ

www.maukkha.org မှ ကူးယူတင်ဆက်ပြပါသည်။

စာအုပ်အညွှန်း

ဂျူး - အစိမ်းရောင်အမွေအနှစ် 

ဘက်ဆဲလားစာရေးဆရာမ ဂျူးရဲ့ အစိမ်းရောင်ကမ္ဘာ စီးရီးအနေနဲ့ ထွက်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ 'အစိမ်းရောင် အမွေအနှစ်'တဲ့။ လူတွေရဲ့ န့စဉ်ဘဝ၊ လှုပ်ရှားမှုမှန်သမျှ သစ်ပင်၊ သစ်တောနဲ့ ကင်းတာမရှိပါဘူး။ လူ့အသုံးအဆောင်၊ နေအိမ်၊ အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်၊ အလှအပ၊ အမွှေးအကြိုင်၊ ယမကာ စတဲ့ လူ့အဖွဲ့အစည်းနဲ့ မကင်းနိုင်တဲ့ အရာဝတ္တုတွေအားလုံးဟာ သစ်ရွက်၊ အသီး၊ အမြစ် စတဲ့ သစ်ပင်တွက် အရင်းအမြစ်တေကို တစ်နည်းမဟုတ်၊ တစ်နည်း အသုံးပြုထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် သစ်ပင်တွေဟာ လူသားတွေရဲ့ နေ့စဉ်ဘဝကို ထောက်ပံ့နေတဲ့ သဘာဝတရားကြီးရဲ့ အရင်းအမြစ်တစ်ခုဖြစ်လို့ သစ်ပင်၊ သစ်တောများကို အဆင်ခြင်မဲ့ခုတ်ပစ်၊ ရှင်းလင်းတာမျိုးမလုပ်ဘဲ ကာကွယ်ထိန်းသိမ်းကြဖို့ တိုက်တွန်းထားတဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။  


လင်းဝေမြိုင် - ဂန္ထဝင်ဝတ္ထု၊ ဂန္ထဝင်ရုပ်ရှင် 

ကမ္ဘာ့ ဂန္ထဝင်ဝတ္ထုကြီးများ နဲ့ အဲဒီဝတ္ထုများကို ရုပ်ရှင်ရိုက်ကူးပြီး အောင်မြင်တဲ့ ဂန္ထဝင်ရုပ်ရှင်တွေဖြစ်လာတဲ့အကြောင်း ဆောင်းပါးတွေဖြစ်ပါတယ်။ ဂန္ထဝင်ဝတ္ထုကြီးတွေ လေးလေးလံလံကြီးမို့ အချိန်မပေးနိုင်လို့ မဖတ်ဖြစ်ကြတဲ့သူတွေအတွက်လည်း ဇာတ်လမ်းအကျဉ်းကို ဖော်ပြပေးထားတာမို့ အနှစ်ချုပ်ဂန္ထဝင်ဝတ္ထုကြီးတွေကို လွယ်လွယ်ကူကူဖတ်နိုင်တဲ့စာအုပ်ငယ်လေးပါ။ မူရင်းဝတ္ထုရှည်ကြီးတွေက ပေးတဲ့ ရသတော့ မရနိုင်ပေမယ့် ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီးတွေအကြောင်းတော့ သိသွားနိုင်ပါတယ်။ ကလီယိုပါထရာ၊ စစ်နှင့် ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ဒေါက်တာ ဇီးဗားဂိုး၊ ကရာမာဇော့(ဗ)ညီနောင်များ၊ သုခမြို့တော်၊ဇစ်မြစ် အပါအဝင် နာမည်ကြီး ဂန္ထဝင်ဝတ္ထု၊ ရုပ်ရှင်များအကြောင်း ၁၉ ပုဒ် (ရုပ်ရှင် ၁၉ ကား) ပါဝင်ပါတယ်။ နိုင်ငံတကာမှာ ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လုပ်ပုံနဲ့ ဇာတ်ညွှန်းရေးဆရာ နဲ့ ဒါရိုက်တာတို့ အလုပ်လုပ်ကြပုံများကိုလည်း ရှင်းပြထားပါတယ်။

ကောင်းထက် - အောင်ဆန်း၏ မဟေသီလွတ်လပ်ရေးကြိုးပမ်းမှုတလျှောက် ဗိုလ်ချုပ်အနားတွင် ပါရမီဖြည့်ဘက်ပီသစွာ ရှိခဲ့သော ဗိုလ်ချုပ်၏ဇနီး မဟာသီရိသုဓမ္မဒေါ်ခင်ကြည်၏ အကြောင်း၊ ဗိုလ်ချုပ်နှင့် စတွေ့ခဲ့သည့်အချိန် သူနာပြုဆရာမလေး မခင်ကြည်ဘဝမှ စ၍ ကွယ်လွန်ချိန်အထိ ဒေါ်ခင်ကြည်၏ ဘဝဇာတ်ကြောင်းကို အပိုင်း ၄ ပိုင်းခွဲ၍ သုတေသနပြုထားသော စာအုပ်ဖြစ်ပါသည်။ သတင်းစာများကဖော်ပြသော လုပ်ကြံမှုသတင်းများဖြင့် အစပြုထားပြီး အချို့နေရာများတွင် ဒေါ်ခင်ကြည်နေရာမှ ဝင်ခံစား၍ ရေးသားထားသည်။  ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ ပြည့်စုံသော ဘဝကောက်ကြောင်းမဟုတ်သော်လည်း  ဗိုလ်ချုပ်၏ ဇနီးပီပီ  သူ၏ပြည့်ဝသော စိတ်ထားကို သိသာစေသော ဆောင်းပါးများဖြစ်ပါသည်။

မောင်မောင် (ရွှေကရဝိတ်) - ကျွန်တော်သိသော ခေတ်သစ် ဟင်္သာကိုးသောင်းပုံပြင်


၁၉၉၂ ခုနှစ်က ABSDF ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တွင်  ဖြစ်ပွားခဲ့သည့်  ထိတ်လန့်စရာ၊ ကြေကွဲစရာ၊ ရင်သိမ့်တုန်စရာ၊ကောင်းလှသော အစုံအပြုံလိုက်လူသတ်ပွဲများတွင် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံခဲ့သူတစ်ဦး၏ ကိုယ်တိုင်ရေးမှတ်တမ်းတစ်ခုဖြစ်
ပါသည်။ တကယ်တော့ စာအုပ်မှာ လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် လူသတ်ပွဲများ၏ အစိတ်အပိုင်းတစ်ပိုင်းမျှသာ။ ရေးသားသူ မာင်မောင် (ရွှေကရဝိတ်)မှ မြောက်ပိုင်းကျောင်းသားတပ်မတော်စခန်းသို့ နှစ်ကြိမ် တိုင်တိုင်သွားရောက်ပြီး  ထောက်လှမ်းရေးဟု စွပ်စွဲ၍ အဖမ်းခံထားရသော  ကျောင်းသားများလွတ်မြောက်ရေးအတွက် ထိုစဉ်က ကျောင်းသားတပ်မတော် တာဝန်ခံများဖြင့် ညှိုနှိုင်းခဲ့သော မြေအောက်စွန်းစားခန်းခရီးအပြင်  မြို့ပေါ်တွင် ထောက်လှန်းရေးများ၊ ရဲများနှင့်ပါပတ်သက်ရသော မြေပေါ်စွန့်စားခန်းတစ်ခုအဖြစ်လည်း ဖတ်ရှုရပါမည်။ 

လူ့အခွင့်အရေးကြေငြာစာတမ်း(မြန်မာပြန် ဗွီဒီယို နှင့် စာအုပ်)



UDHR Booklet

လမ်းပြကြယ် (၃) နှစ်ပြည့် အမှတ်တရ မဂ္ဂဇင်း

လမ်းပြကြယ် (၃) နှစ်မြောက် မဂ္ဂဇင်း အား မဖတ်ရသော သူများ အတွက် ပြန်တင်ပေးလိုက်ပါတယ်။

လမ်းပြကြယ် (၃) နှစ်ပြည့် အမှတ်တရ မဂ္ဂဇင်း