မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားရေး စင်္ကာပူရောက် မြန်မာများ လှုံ့ဆော်(မဇ္ဈိမ)
-မြန်မာနိုင်ငံ၌ ၈၈ မျိုးဆက်ကျောင်းသားများမှ ဦးဆောင်ပြုလုပ်နေသည့် "ဧရာဝတီ ထာဝရ ရှင်သန်လိုသူများ" လက်မှတ်ထိုး တောင်းဆိုမှုအား ထောက်ခံပံ့ပိုးသည့် အနေဖြင့် လမ်းပြကြယ် စာကြည့်တိုက်မှ ကမကထပြု၍ သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
လမ်းပြကြယ် စာကြည့်တိုက် (စင်္ကာပူ)
- ရေရှည် တည်တံ့ရေးကို စာကြည့်တိုက် ကော်မတီနှင့် လုပ်အားပေး၊ ၀ါသနာရှင်များ အပေါ်တွင် တည်နေပါသည်။ လမ်းပြကြယ် မြန်မာစာကြည့်တိုက် လုပ်ငန်း ရည်ရွယ်ချက် အောင်မြင်ပါစေ။
သံလွင်အိပ်မက်နှင့် လမ်းပြကြယ်၏ တန်ဆောင်တိုင်ကာတွန်းပြပွဲ
- တန်ဆောင်တိုင် မီးပုံးပွဲနဲ့ ဦးဘဂျမ်းကာတွန်းပြပွဲကို ရန်ကုန်လမ်းမတော်ဖက်မှာ နှစ်စဉ်ကျင်းပခဲ့တယ်ဆိုတာကို ကြားပဲ ကြားဖူးလိုက်ပါတယ်။ တခါမှတော့ မကြည့်ဖူးပါဘူး။ အခုကျွန်တော်တို့ လုပ်တာလည်း ဒီသဘောပါပဲ။
လမ်းပြကြယ်ဆိုတာ ဘယ်သူတွေလဲ
-လမ်းပြကြယ် စာကြည့်တိုက်ကို မေလ (၁) ရက်နေ့ ၂၀၀၇ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး စာကြည့်တိုက်တွင် ရသ၊ သုတ၊ ခေတ်ဟောင်း၊ ခေတ်သစ် စာပေ မျိုးစုံအောင် စီစဉ်ထားသည်။
စင်္ကာပူက လူ့အခွင့်အရေးနေ့ပြပွဲ
- နှစ် ၆၀ပြည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပြပွဲတခုကို ဒီဇင်ဘာ၁၀ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၆နာရီမှ ည ၉နာရီအထိ စင်္ကာပူနိုင်ငံ ပဲန်နင်ဆူးလား ပလာဇာ ၅ထပ်ရှိ လမ်းပြကြယ်စာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
စင်္ကာပူက ငွေပြန်ပို့ နာရေးအသင်းကြီးမှ “ဆန်” ဝေ
-လမ်းပြကြယ် စာကြည့်တိုက်မှ ကောက်ခံ ရရှိသော ငွေများအား နေ့ချင်း ရန်ကုန်သို့ အရောက်ပို့ကာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော နာရေး ကူညီမှု အသင်းကြီးမှတဆင့် “ဆန်” ကို အဓိကထား ဖြန့်ဝေနေသည်။
စင်္ကာပူက လမ်းပြကြယ်
- အလိမ္မာစာမှာရှိဆိုတဲ့ စကားအတိုင်း လမ်းပြကြယ်စာကြည့်တိုက်က စာအုပ်တွေဖတ်ပြီး စင်္ကာပူရောက်မြန်မာလူကြီး လူငယ်၊ လူရွယ်မရွေး အသိဥာဏ်အလိမ္မာတိုးလို့ နိုင်ငံ့အရေးကိုလည်း ပါဝင်ပေးနိုင်ကြမယ့် ရက်ကို မျှော်လင့်နေမိပါကြောင်း။
စင်္ကာပူရှိ လမ်းပြကြယ် စာကြည့်တိုက်နှင့် အင်တာဗျူး
- စာအုပ်လှူဒါန်းကြတဲ့ လူတွေနဲ့ လုပ်အားပေးတွေ ကျေးဇူးအထူးတင်ကြောင်း။ ဆင်းရဲ ချမ်းသာမရွေး လမ်းပြကြယ် မြန်မာစာကြည့်တိုက်လေးကို တစ်ခေါက်လောက်ဖြစ်ဖြစ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment