.: ဒေါ်စုကို ပို့စကဒ်လေးတွေပို့ပြီး ၀ိုင်းဝန်းအားပေး ပံ့ပိုးကူညီကြပါစို့     -->      
               
     

       
       
Link to this page

ဒေါ်စုကို ပို့စကဒ်လေးတွေပို့ပြီး ၀ိုင်းဝန်းအားပေး ပံ့ပိုးကူညီကြပါစို့

စင်္ကာပူရောက်မိတ်ဆွေများခင်ဗျား . . .



အမေရိကန်ရောက်မြန်မာများအနေနှင့် ဒေါ်စုလွတ်မြောက်ခြင်းအပေါ် ကြိုဆိုသောအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပို့စကဒ်များပို့ပေးရန် စီစဉ်နေကြပါသည်။ ကျွန်တော်တို့ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသူများအနေနှင့်လည်း အလားတူ အဝေးရောက်ပြည်သူအားလုံးက ဒေါ်စု၏ နောက်တွင် အစဉ်အမြဲ ထောက်ခံအားပေးလျှက် ရှိကြောင်း ပြသရန်အတွက် ဒေါ်စုထံသို့ ပို့စကဒ်များ စုပေါင်း၍ ပေးပို့ရန် တိုက်တွန်းလိုက်ပါတယ်။

ထိုသို့ ပေးပို့လိုပါက

လမ်းပြကြယ်စာကြည့်တိုက်
111, North Bridge Road, Peninsula Plaza
#04-09, Singapore 179098

သို့ပေးပို့နိုင်သလို လမ်းပြကြယ်စာကြည့်တိုက် ဖွင့်လှစ်သော အချိန်များတွင် ကိုယ်တိုင်ကိုယ်ကျသွားပေးနိုင်ပါသည်။

လမ်းပြကြယ် ဖွင့်လှစ်ချိန် -
Wednesday - 7pm - 9pm
Saturday - 2pm - 9pm
Sunday - 12pm - 9pm

မိမိကြိုက်နှစ်သက်ရာ ပို့စကဒ် သို့မဟုတ် ကျွန်တော်တို့ ပြုလုပ်ထားသော ပို့စကဒ်ပေါ်တွင် တဦးချင်းစီ၏ ခံစားမှုများ သို့မဟုတ် အကြံပေးချက်များကို ရေးသားပေးပို့နိုင်မည်ဖြစ်ပါသည်။

ပို့စကဒ်များ ရရှိသည့်အပေါ်မူတည်၍ အားလုံးကို စုပေါင်းကာ DHL/FedEx စသော အိမ်အရောက် ပေးပို့သည့် စာပို့စနစ်များကို အသုံးပြု၍ ပေးပို့သွားမည်ဖြစ်သောကြောင့် ဒေါ်စု၏ လက်ဝယ်သေချာပေါက် ရောက်ရှိရန် စိတ်ချရမည်ဖြစ်ပါသည်။

ပို့စကဒ်များ လက်ခံရရှိမှု အပေါ် မူတည်၍ ဒေါ်စုထံသို့ ပေးပို့သွားမှာ ဖြစ်ပြီး နိုဝင်ဘာ ၃၀ရက် ၂၀၁၀ နောက်ပိုင်းလက်ခံရရှိသော ကဒ်များကို ပေးပို့တော့မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

ဤစာကို လက်ခံရရှိသော မိတ်ဆွေများကလည်း အများသိစေရန် မိမိတို့၏ အသိမိတ်ဆွေများထံ လက်ဆင့်ကမ်းပေးပို့ ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

0 comments:

Post a Comment