လမ်းပြကြယ်စာကြည့်တိုက်၏ လုပ်အားပေးများ (Volunteers) လိုက်နာရန် စည်းကမ်းများ
(၁) လုပ်အားပေးများသည် မိမိတို့ တာဝန်ကျသော နေ့ရက်၊ တာဝန်ကျသော အချိန်ကို တိကျစွာ လာရောက်ရမည်။
(၂) အခက်အခဲအမျိုးမျိုးကြောင့် လာရောက်နိုင်ခြင်းမရှိပါက သက်ဆိုင်ရာတာဝန်မှူးနှင့် ဆက်သွယ်၍ အဆင်ပြေအောင်ဆောင်ရွက်ပေးရမည်။
(၃) စာကြည့်တိုက်အတွင်း စားသောက်ပြီးသောအခါ ဗူးခွံများ၊ ပလပ်စတစ်အိတ်များ၊ နေကြာစေ့ခွံများကို သေချာစွာ ရှင်းလင်းပါ။
(၄) အသင်းဝင်များ ငှားရမ်း/အပ်နှံသော စာအုပ်များကို အမှားအယွင်းကင်းကင်းဖြင့် မှတ်သားရန်လိုအပ်သည်။
(၅) စာကြည့်တိုက်အတွင်း လိုအပ်ချက်များတွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူသို့ အကြောင်းကြားပါ။
(၆) စာကြည့်တိုက်အတွင်း သန့်ရှင်းသပ်ရပ်နေစေရန် လုပ်အားပေးတိုင်းတွင် တာဝန်ရှိသည်။
(၇) လမ်းပြကြယ်၏ အနာဂါတ်သည် လုပ်အားပေးအားလုံး၏ လက်ထဲတွင် ရှိသည်ကို မမေ့ပါနှင့်။
လုပ်အားပေးသူတိုင်းကို လမ်းပြကြယ်စာကြည့်တိုက်မှ အထူးကျေးဇူးတင်ရှိကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment