.: အသင်းဝင် (Member) ဖြစ်လိုသူတိုင်းအတွက်     -->      
               
     

       
       
Link to this page

အသင်းဝင် (Member) ဖြစ်လိုသူတိုင်းအတွက်

လမ်းပြကြယ်စာကြည့်တိုက်သို့ အသင်းဝင် (Member) လိုသူများလိုက်နာရန်စည်းကမ်းများ

(၁) အသင်းဝင်များသည် တစ်ကြိမ်ငှားလျှင် သုံးအုပ်နှုန်းဖြင့် နှစ်ပတ် အခမဲ့ ငှားရမ်းနိုင်သည်။
(၂) နှစ်ပတ်ပြည့်ပြီးသော်လည်း ထိုစာအုပ်ကို ထပ်မံငှားရမ်းလိုပါက လူကိုယ်တိုင်လာရောက်၍ သက်တမ်းတိုးကာ ထပ်မံငှားရမ်းနိုင်သည်။
(၃) ရက်လွန်ကြေးကို စာကြည့်တိုက် ရံပုံငွေအဖြစ် (စင်္ကာပူ ၁ ဒေါ်လာထက် မနည်းစေဘဲ)   စေတနာရှိသလောက် လှူဒါန်းရမည်။
(၄) အသင်းဝင်ကြေးမှာ ခြောက်လအတွက် စင်္ကာပူ ၁၅ ဒေါ်လာ ဖြစ်ပြီး ခြောက်လပြည့်လျှင် သက်တမ်းထပ်တိုးနိုင်သည်။
(၅) လမ်းပြကြယ်တွင် ရှိသော မှီငြမ်းစာအုပ်များ (Reference Books) ကို မည်သူတစ်ဦးတစ်ယောက်ကမှ အိမ်သို့ ငှားရမ်းခွင့်မရှိ။
(၆) စာအုပ်များ ပျက်စီး၊ ပျောက်ဆုံးပါက လမ်းပြကြယ်သို့ ဆက်သွယ်အကြောင်းကြားပြီး စာအုပ်၏ သတ်မှတ်ထားသော တန်ကြေးအတိုင်းဖြစ်စေ၊ စာအုပ်အစားပြန်လည်ဝယ်ယူ၍ဖြစ်စေ ပေးလျော်ရမည်။
(၇) လမ်းပြကြယ်ရှိ စာအုပ်အများစု၏ တန်ဖိုးကို စင်္ကာပူ ၁၀ ဒေါ်လာဟု သတ်မှတ်ထားသော်လည်း အချို့တန်ဖိုးကြီးစာအုပ်များ၏ လျော်ကြေးငွေကို စာကြိုက်တိုက်မှူးမှ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
(၈) လမ်းပြကြယ်သည် တစ်ဦးတစ်ယောက်ပိုင်မဟုတ်ဘဲ အများပိုင်စာကြည့်တိုက် ဖြစ်သောကြောင့် စာအုပ်များကို ရိုသေစွာ ကိုင်တွယ်ပါ။
(၉) လမ်းပြကြယ်မှ မည်သည့်စာအုပ်မဆို အသင်းဝင်ကိုယ်တိုင်သာ ပြင်ပသို့ ငှားရမ်းနိုင်သည်။
(၁၀) လမ်းပြကြယ် အသင်းဝင်တိုင်းသည် စာကြည့်တိုက်ပိုင်ရှင်များဖြစ်ကြသည်။

0 comments:

Post a Comment